Showing posts with label ရယ်စရာ. Show all posts
Showing posts with label ရယ်စရာ. Show all posts

Wednesday, February 18, 2009

ရယ်စရာ(၂)


ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်......သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက

စာကိုရတော့ ၀မ်းသားအားရဖြစ်ပြီးစာဖောက်ဖတ်တာ.....



စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံ
အမှားတွေ၊ စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့စာကိုဖတ်မိပြီး

စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့။ နောက်ဆုံးကိုလုံးလည်း အမြင်ကတ်
ကတ်နဲ့

သူ့ရည်းစားရဲ့စာကိုပဲ ပြင်
သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ပါ အတိုင်း ပြန်ထည့်ပေးလိုက်တော့တယ်။



ကိုယ်လုံး ... (စတာနဲ့မှားပြီ.... ယပက်လက်အသတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲကမီး အလွမ်းဂျီးလွမ်းခဲ့ရပါတယ်။ (နင်ကခေါင်းပြတ်နေလို့လား)

ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး
(ဖာကို ခေါင်းကြားညှပ်တာ.....)

မျိုသွားပြီ ဆိုတာသိတော့
(မြို့သွားတာပါဟာ.....ငါလည်း ဘာအကောင်ကြီး ဖြစ်မှန်းမသိ)

မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရအိမ်မရ ဖြစ်နေတာ။
(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော....

ရှုပ်နေတာပဲ)


မီးအရင်လိုခြစ်နေတုန်းပါပဲ။
(ဂတ်စ်.... လည်းအတော်ကုန်လောက်ပြီ) ။

ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ်။
(အဲဒါကြောင့်မီးမပြတ်တဲ့နိုင်ငံခြားတောင် သွားမလားလို့)

မီးကို အရင်လိုပဲဆွဲလန်နေတုန်းပဲလားဟင်
။ (အမ်!)

မီးလည်း တနေ့နဲ့တနေ့မြက်ရေနြဲ့
မက်ခွက်ပါပဲ။

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလု
ပ်တယ်လေ။ အားပါး.....အရမ်း ဆီကားပဲ။ (ဆီတွေဒီမှာဈေးတက်နေလို့

ပို့လိ
ုက်စမ်းပါ) ။

ကိုယ်လုံးမပါဘဲ
မီးသွားကြည့်တာမပျော်ဘူး ဒကယ်.... (နင်ကခေါင်း ချည်းပဲသွားကြည့်တာကိုး )

မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။


မီးက ရှိုးဆိုဖဲရိုက်တာပဲ သိတာကိုး.....
(ဒါတော့သိတယ်..ဟွန်း)

ကျားပေါက်တွေ ဆင်ပေါက်တွေဆိုတော့ မီးကတလိပ်ဆန်တွေမြက်လှည့်ပြတာ


ထင်တာပေါ့လေ..
... (မြက်လှည့်ပြတာတော့ငါတောင်တတ်တယ်)

ဟိုရောက်တော်ကျားပေါက်ဆိုတာ..... လားလား လူကောင်ကြီး ဖြစ်နေတာပေါဝေ့......အဲဒီအကောင်ဟာလဲ


အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့ ။
( အသံ..အသံ!! ဟင်း.....အထင်လွဲစရာတွေဖြစ်တော့မယ်)။

တို့ရွာက သုတ်ကြီးဆိုရင်
(တုတ်ကြီးလုပ်ပါဟ)

မျိုကြီးဆိုတဲ့ အဆို့တော်ကိုအားကြလို့အော်တာ......အတံ
ဝင်လို့တဲ့.......

တ အ..အားအော်နေတာလေ။
(အော်....အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်!!!!!) ။

နောက်ပြီး မီးကိုနမဂျင်း မစာနာ (နင်ကိုယ်တိုင်လည်းနွားမဖြစ်တော့မယ်)

အတေပိုးခဲ့တဲ့ ဖိုးဇန်ကိုသိတယ်ဟုတ်...... မီးဘကြီးအောင်း နေတဲ့
(ဘကြီးအောင်...ဗျ...ဘကြီးအောင်....

တမျိုးလုံးကို တိရစ္ဆာန်ဇာတ် သွင်းနေသလာ
းမှတ်တယ်)

ယက်ကွက်က တာဇန်လေ
(သာဇံပါဟာ..သူကြည့်ဖူးတဲ့ ဗွီဒီယိုကားတွေပါလာပြန်ပြီ)

ဒင်းက ခုမိန်းမရလို့ ရှေ့အင်္ဂါဆိုသူ့မိန်းမ ကလေးမွေး
မယ်တော်ရေ့.....

နံမယ်ပေးကင်ပွန်းချဉ်ဟင်းချက်လု
ပ်မလို့ ကျံနေပီလေ (ကင်ပွန်းတပ်တာ..သူ့အလှည့်ကျမှ ကင်ပွန်းချဉ် ဟင်း

ချက်တယ်လို့.... ငါကွာ)။

စနေမောင်မောင်တို့၊ နိုင်နိုင်းစနေတို့၊ ဖိုးသောကြာတို့ကို အားကျလို့တဲ့အေ...သားလေး မြွေးရင်နံမယ်မှာ

နေ့နံပါအောင် ဖိုအင်္ဂါလို့ပေးမတဲ့ ။
(ဖိုးအင်္ဂါလုပ်ပါဟ.....ခုမှဝတ်စနှစ်လုံးပေါက်ကကျန်ခဲ့ရသလား ။ တကတဲ

ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါလုပ်မလား မသိဘူး..နာမည်ကို အပေါက်ရှာရှာ.... အဲလေ ပေါက်ပေါက်

ရှာရှာ ပေးတတ်တယ်)

မီးတို့လည်းအဲလို ဘယ်ဒေါ့အတူတူနေရမလဲမသိဘူးနော်..
.။

ကိုယ်ရယ်..မီးအရန်လွမ်းတာပဲ။ (လွမ်းတာပဲ အရန်တွေ၊ line-up တွေ လွမ်းချင်သေးတယ်)

မီးလည်းမျိုလိုက်ချင်ပေမယ့်
(မျိုသာ ချ..လိုက်ပါတော့)

ဆီးပွားရေကအဆင်မပြေဘူးလေး..။

မီးလည်း ချီးစားနေရတော့
(အေးပါစားစား...သေအောင်စား)

အကြွေးတွေလည်း အလီလီပဲ ။

မျိုသူတွေနဲ့တွေ့ပီး......

တောင်းပေါ်ကခြင်မကိုမေ့မတွားပါနဲ
့...နော်။ (တောင်းပေါ်က ခြင်မရော. တောင်ပေါ်က ချင်းမကိုပါ

မမေ့ဘူးဟေ့....တသက်လုံး)


ကိုယ်လုံး ပျံလာပါနော်။
(တောင်ပံ ပေါက်တဲ့နေ့ထိစောင့်ပေတော့)။

မီးဆောင့်နေမယ်......မီးဆောင့်ပြီးရင်းဆောင့်နေမှာပါ....
။(အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင် ဆောင့်

ပေတော့)

မီးစာရှည်သွားပီမို့တော်သေပီ


(မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့ မီး

(မီးခြစ်ပေါ့)


*စပလင်မှားရင်ခွေးလွှတ်ပါ*

(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆိုစပလင်တင်မကဘူး.... ငရုပ်ကောင်း တွေပါ

ပါလာနိုင်တယ်။ ခွေးလည်း လွှတ်လိုက်မယ်နော်) :(

ကိုလုံး။ ။



သူငယ်ချင်းတယောက် အီးမေးမှ ပေးစာကိုဖတ်မိပြီး အူတက်မတတ် ရယ်မိတာတွေကို ဖြန့်ဝေပေးထားတာပါ။
သတ်ပုံတွေကိုတော့ မူရင်းအတိုင်း တင်ထားပါတယ်ဗျာ......။

ကဲ...ဘယ်လိုလဲ....အရေးအသားကလန်ထွက်တယ်မဟုတ်လား.......?



မောင်ကမ္ဘာ

Monday, December 22, 2008

ရယ်စရာ

ဒီတခါတော့ မောင်ကောင်းထိုက်(နှီးပဒေါ)တင်ပြတဲ့၂၀၀၆ ခုနှစ် မတ်မ (၂၈)ရက်နေ့ထုတ် ဖတ်စရာဂျာနယ်ပါ ရယ်စရာများကို မျှဝေလိုက်ပါတယ်။အပျင်းထူသူများ
သူက ပိုပျင်းသည်၊ ငါက ပိုပျင်းသည်နှင့် လူနှုစ်ယောက် အငြင်းပွားနေကြသည်။ တယောက်က ပြောသည်။

တနေ့က ဒေါ်လာ ၁၀၀ လမ်းမှာကျနေတာက်ု ငါတွေ့တယ်။ ဒါပေမဲ့ ငါမကောက်လိုက်ဘူး ပျင်းလို့....

ကျန်တယောက်က အားကျမခံ ပြောသည်။

တနေ့က ငါရုပ်ရှင်သွားကြည့်တယ်။ နှစ်နာရီတိတိ ရုံထဲမှာ ငါအော်နေတယ်....

အော်တာနဲ့ ပျင်းတာ ဘာဆိုင်လို့လဲ.....

သိပ်ဆိုင်တာပေါ့။ ခေါက်ကုလားထိုင်မှာကို ဆွဲပြီးအထိုင်မှာ ငါ့ရွှေဥညှပ်သွားတယ်။ ထရမှာ ပျင်းတာနဲ့ အော်ပဲ အော်နေရတာပေါ့....
*********

အိပ်ဆေး
ဒေါက်တာ.... ကျနော်ညပိုင်းမှာ ကဗျာရေးရင် မနက်အထိ အိပ်မပျော်ဘူး.....

ကိုယ်ရေးထဲ့ကဗျာကို ကိုယ့်ဟာကိုယ် ဖတ်ကြည့်လိုက်ပါ....
**********

အထင်မမှားပါနဲ့
စိတ်ရေးဂါကု ဆေးရုံပေါ်တွင် စိတ်မနှံ့သူတဦးသည် ဓါးနှစ်ချောင်းကို ကိုင်လျက် သူနာပြုဆရာမနောက်သို့ ပြေးလိုက်လာသည်။ ဤသည် ကို မြင်သော ဆရာမက ကြောက်လန့်တကြား ပြေးသည်။ စိတ်မနှံ့သူကလည်း ထပ်ကြပ်မကွာ နောက်က လိုက်သည်။ တနေရာတွင် ပြေးစရာ လမ်းမရှိတော့ဘဲ သူနာပြုဆရာမသည် ချောင်ပိတ်မိနေတော့သည်။ ရောဂါသည် သည် ၎င်းအနားသို့ တဖြည်းဖြည်းနီးကပ်လာ သည်။ ဆရာမသည် ဒူးထောက်ထိုင်လိုက်ကာ ဘုရားသခင်ကို တိုင်တည်လိုက်သည်။

အရှင်ဘုရား..... အရူးရန်မှ တပည့်တော်မကို ကယ်တင်ပါဘုရား။

ဓါးနှစ်လက်ကိုင် လူနာသည် ဆရာဝန်ရှေ့တွင်ရပ်လိုက်သည်။

ဆရာမ တကိုယ်လုံး ကြောက်စိတ်ကြောင့် တုန်လှုပ်နေသည်။

စိတ်မနှံ့သူက လေအေးအေးဖြင့် မေးသည်။

ဆရာမ ဘယ်ဓါးနဲ့ ပေါင်မုန့်လှီးရမလဲဟင် ?????
*********

သ​​ဏ္ဍာန်လုပ် သရုပ်ပါရမယ်
ကိုယ်လက်ကိုက်ခဲသလို၊ ဖျားသလို ဖြစ်သဖြင့် ရဲဘော်မောင်မြသည် ဆေးတပ်ဗိုလ်ကြီးထံ ရောက်လာသည်။ ဆရာဝန်ဗိုလ်ကြီးက ရဲဘော် ၏ ရင်ဘတ်ပေါ် နားကြပ်ဖြင့် ထောက်လိုက်ပြီး ချောင်းဆိုးပြရန် ပြောသည်။

ကျနော် အခု ချောင်းမှ မဆိုးဘဲ ခင်ဗျ....
ဟု ရဲဘော်က ပြန်ပြောသည်။

ဟေ့.... အမိန့်ကို နာခံခြင်း ဆိုတာ မင်းနားလည်တယ် မဟုတ်လား.....
ဆရာဝန်က အသံမာမာဖြင့် ပြောသည်။

ကိုယ့်ထက် အဆင့်မြင့်သူရဲ့ အမိန့်အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါတယ်....
ဟု ရဲဘော်ပြန်ဖြေသည်။

ထိုနောက် အဟွန့်ဟွန့်ဟု ချောင်းဆိုးပြသည်။

ဆရာဝန်ဗိုလ်ကြီးသည် တပ်သားကို ကြည့်လိုက်ပြီး မေးသည်။
အခုလို ချောင်းဆိုးတာကြာပြီလား?????
********


မောင်ကမ္ဘာ