Monday, December 22, 2008

ရယ်စရာ

ဒီတခါတော့ မောင်ကောင်းထိုက်(နှီးပဒေါ)တင်ပြတဲ့၂၀၀၆ ခုနှစ် မတ်မ (၂၈)ရက်နေ့ထုတ် ဖတ်စရာဂျာနယ်ပါ ရယ်စရာများကို မျှဝေလိုက်ပါတယ်။အပျင်းထူသူများ
သူက ပိုပျင်းသည်၊ ငါက ပိုပျင်းသည်နှင့် လူနှုစ်ယောက် အငြင်းပွားနေကြသည်။ တယောက်က ပြောသည်။

တနေ့က ဒေါ်လာ ၁၀၀ လမ်းမှာကျနေတာက်ု ငါတွေ့တယ်။ ဒါပေမဲ့ ငါမကောက်လိုက်ဘူး ပျင်းလို့....

ကျန်တယောက်က အားကျမခံ ပြောသည်။

တနေ့က ငါရုပ်ရှင်သွားကြည့်တယ်။ နှစ်နာရီတိတိ ရုံထဲမှာ ငါအော်နေတယ်....

အော်တာနဲ့ ပျင်းတာ ဘာဆိုင်လို့လဲ.....

သိပ်ဆိုင်တာပေါ့။ ခေါက်ကုလားထိုင်မှာကို ဆွဲပြီးအထိုင်မှာ ငါ့ရွှေဥညှပ်သွားတယ်။ ထရမှာ ပျင်းတာနဲ့ အော်ပဲ အော်နေရတာပေါ့....
*********

အိပ်ဆေး
ဒေါက်တာ.... ကျနော်ညပိုင်းမှာ ကဗျာရေးရင် မနက်အထိ အိပ်မပျော်ဘူး.....

ကိုယ်ရေးထဲ့ကဗျာကို ကိုယ့်ဟာကိုယ် ဖတ်ကြည့်လိုက်ပါ....
**********

အထင်မမှားပါနဲ့
စိတ်ရေးဂါကု ဆေးရုံပေါ်တွင် စိတ်မနှံ့သူတဦးသည် ဓါးနှစ်ချောင်းကို ကိုင်လျက် သူနာပြုဆရာမနောက်သို့ ပြေးလိုက်လာသည်။ ဤသည် ကို မြင်သော ဆရာမက ကြောက်လန့်တကြား ပြေးသည်။ စိတ်မနှံ့သူကလည်း ထပ်ကြပ်မကွာ နောက်က လိုက်သည်။ တနေရာတွင် ပြေးစရာ လမ်းမရှိတော့ဘဲ သူနာပြုဆရာမသည် ချောင်ပိတ်မိနေတော့သည်။ ရောဂါသည် သည် ၎င်းအနားသို့ တဖြည်းဖြည်းနီးကပ်လာ သည်။ ဆရာမသည် ဒူးထောက်ထိုင်လိုက်ကာ ဘုရားသခင်ကို တိုင်တည်လိုက်သည်။

အရှင်ဘုရား..... အရူးရန်မှ တပည့်တော်မကို ကယ်တင်ပါဘုရား။

ဓါးနှစ်လက်ကိုင် လူနာသည် ဆရာဝန်ရှေ့တွင်ရပ်လိုက်သည်။

ဆရာမ တကိုယ်လုံး ကြောက်စိတ်ကြောင့် တုန်လှုပ်နေသည်။

စိတ်မနှံ့သူက လေအေးအေးဖြင့် မေးသည်။

ဆရာမ ဘယ်ဓါးနဲ့ ပေါင်မုန့်လှီးရမလဲဟင် ?????
*********

သ​​ဏ္ဍာန်လုပ် သရုပ်ပါရမယ်
ကိုယ်လက်ကိုက်ခဲသလို၊ ဖျားသလို ဖြစ်သဖြင့် ရဲဘော်မောင်မြသည် ဆေးတပ်ဗိုလ်ကြီးထံ ရောက်လာသည်။ ဆရာဝန်ဗိုလ်ကြီးက ရဲဘော် ၏ ရင်ဘတ်ပေါ် နားကြပ်ဖြင့် ထောက်လိုက်ပြီး ချောင်းဆိုးပြရန် ပြောသည်။

ကျနော် အခု ချောင်းမှ မဆိုးဘဲ ခင်ဗျ....
ဟု ရဲဘော်က ပြန်ပြောသည်။

ဟေ့.... အမိန့်ကို နာခံခြင်း ဆိုတာ မင်းနားလည်တယ် မဟုတ်လား.....
ဆရာဝန်က အသံမာမာဖြင့် ပြောသည်။

ကိုယ့်ထက် အဆင့်မြင့်သူရဲ့ အမိန့်အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါတယ်....
ဟု ရဲဘော်ပြန်ဖြေသည်။

ထိုနောက် အဟွန့်ဟွန့်ဟု ချောင်းဆိုးပြသည်။

ဆရာဝန်ဗိုလ်ကြီးသည် တပ်သားကို ကြည့်လိုက်ပြီး မေးသည်။
အခုလို ချောင်းဆိုးတာကြာပြီလား?????
********


မောင်ကမ္ဘာ


Monday, December 15, 2008

အံ့ဖွယ် လူထူးဆန်းများ

ပို့စ်မတင်ဖြစ်တာလည်းကြာပြီ။ မအားတာလည်းပါတယ်နောက်ပြီးတော့ ကိုယ့်လော့ဘ်မှာက ဖောင့်က ပြဿနာတက်တယ်။ ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်းမသိ......မသိခြင်းများစွာ။ အပေါ်က Title (ခေါင်းစဉ်) မှာက ဗမာလို ရိုက်ထည့်လိုက်ရင် ပထမစရိုက်တော့ အကောင်းအတိုင်းပဲ။ နောက် သုံးလေးလုံးဆက်လိုက်ရင် စာလုံးတွေက သူ့အလိုလို ပြောင်းသွားတယ်။ အဲဒါလေး အမြင်မတော်တာလေး တွေ့ရင် ကူညီပေးကြပါကုန်။ ဒီနေရာကနေပဲ မရှက်မကြောက် ခပ်တည်တည်နဲ့ အကူအညီတောင်းပါရစေဗျာ။
လူထူးဆန်းများ

မျက်နှာနှစ်ခုနဲ့ ကလေးငယ်လေးက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နဲ့ ၃၄ မိုင်ဝေးတဲ့ နွိုင်ဒါမြို့ အနီး ဆိုင်နီရွာက ဖြစ်ပါတယ်။

သက်ရှိထင်ရှား ကမ္ဘာ့အရှည်ဆုံးလူသား တရုတ်နိုင်ငံသား ဘွာဇဇ်ရှန်(Bao Xishun) ၅၇ နှစ်၊ ၂.၃၆ မီတာ(၇ ပေ ၉ လက္မ)နှင့် သူ့ဒူးခေါင်းအမြင့်လောက်သာရှိသော ကမ္ဘာ့အရပ်အပုဆုံးလူသား ဟီပင်းပင်း(He Pingping) ၁၉ နှစ်၊ ၀.၇၃ မီတာ(၂ ပေ ၅ လက္မ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ် ဓါတ်ပုံဆရာက အမိအရ ရိုက်ယူထားသည်။ သူ့ဇနီဖြစ်သူ ဇိုင်ရှုဂျွန်(Xia Shujuan)အသက်၂၉ နှစ်ရှိ သာမန်အရပ်အမောင်း ၅ ပေ ၅ လက္မသာရှိသူပါ။




ခုချိန်မှာရှန်ဟာ ကလေးတယောက် ဖခင်ဖြစ်နေပါပြီ။

မောင်ကမ္ဘာ