Showing posts with label အံ့ဖွယ်. Show all posts
Showing posts with label အံ့ဖွယ်. Show all posts

Monday, December 15, 2008

အံ့ဖွယ် လူထူးဆန်းများ

ပို့စ်မတင်ဖြစ်တာလည်းကြာပြီ။ မအားတာလည်းပါတယ်နောက်ပြီးတော့ ကိုယ့်လော့ဘ်မှာက ဖောင့်က ပြဿနာတက်တယ်။ ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်းမသိ......မသိခြင်းများစွာ။ အပေါ်က Title (ခေါင်းစဉ်) မှာက ဗမာလို ရိုက်ထည့်လိုက်ရင် ပထမစရိုက်တော့ အကောင်းအတိုင်းပဲ။ နောက် သုံးလေးလုံးဆက်လိုက်ရင် စာလုံးတွေက သူ့အလိုလို ပြောင်းသွားတယ်။ အဲဒါလေး အမြင်မတော်တာလေး တွေ့ရင် ကူညီပေးကြပါကုန်။ ဒီနေရာကနေပဲ မရှက်မကြောက် ခပ်တည်တည်နဲ့ အကူအညီတောင်းပါရစေဗျာ။
လူထူးဆန်းများ

မျက်နှာနှစ်ခုနဲ့ ကလေးငယ်လေးက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နဲ့ ၃၄ မိုင်ဝေးတဲ့ နွိုင်ဒါမြို့ အနီး ဆိုင်နီရွာက ဖြစ်ပါတယ်။

သက်ရှိထင်ရှား ကမ္ဘာ့အရှည်ဆုံးလူသား တရုတ်နိုင်ငံသား ဘွာဇဇ်ရှန်(Bao Xishun) ၅၇ နှစ်၊ ၂.၃၆ မီတာ(၇ ပေ ၉ လက္မ)နှင့် သူ့ဒူးခေါင်းအမြင့်လောက်သာရှိသော ကမ္ဘာ့အရပ်အပုဆုံးလူသား ဟီပင်းပင်း(He Pingping) ၁၉ နှစ်၊ ၀.၇၃ မီတာ(၂ ပေ ၅ လက္မ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ် ဓါတ်ပုံဆရာက အမိအရ ရိုက်ယူထားသည်။ သူ့ဇနီဖြစ်သူ ဇိုင်ရှုဂျွန်(Xia Shujuan)အသက်၂၉ နှစ်ရှိ သာမန်အရပ်အမောင်း ၅ ပေ ၅ လက္မသာရှိသူပါ။




ခုချိန်မှာရှန်ဟာ ကလေးတယောက် ဖခင်ဖြစ်နေပါပြီ။

မောင်ကမ္ဘာ