Thursday, October 9, 2008

တောင်းဆု

၂၀၀၅ နိုဝင်ဘာလထုတ် Teen magazine မှာပါတဲ့ နိုင်ငံတကာ ကမောက်ကမများ ဆိုတဲ့ ခေါင်းစဉ် အောက်က ပုံပြင်လေးတပုဒ်ကို မျှဝေခံစားထားပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ သဘောထားမျိုး မပါပါဘူး။
အမျိုးသမီးရဲ့ တောင်းဆုသုံးခု

အမျိုးသမီးတဦးရဲ့ ဂေါက်ရိုက်နေရင်း သူ့ဂေါက်သီးက တောအုပ်တခုအတွင်းကို ကျသွားတဲ့အတွက် ဂေါက်သီး ရှာဖို့အတွက် တောထဲကို ဝင်လာခဲ့ပါတယ်။ တောအုပ်အတွင်းမှာ ထောင်ချောက်မိနေတဲ့ ဖားတကောင် ကိုတွေ့တော့ ဖားက အဲဒီ အမျီုးသမီးကို သူ့ကို လွှတ်ပေးဖို့ အကူအညီ တောင်းပါသတဲ့။ သူက အကူအညီ တောင်းခံ တဲ့နေရာမှာ "ကျနော့်ကို လွှတ်ပေးရင် ခင်ဗျားရဲ့ လိုအင်ဆန္ဒ သုံးခုကို ဖြည့်ဆည်း ပေးပါ့မယ်" လို့ ဆိုတဲ့အတွက် အမျိုးသမီးက ထောင်ချောက် အတွင်းမှာ မိနေတဲ့ ဖားကို လွှတ်ပေး လိုက်ပါတော့တယ်။

လွတ်သွားတဲ့ ဖားက "ကဲ ပထမဆုကို တောင်းပေတော့" လို့ ဆိုလိုက်တဲ့အခါ အမျိုးသမီးက ခေတ္တစဉ်းစား လိုက်ပြီး "ကျမ ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီး တယောက် ဖြစ်ချင်ပါတယ်" လို့ ပထဆုကို တောင်းလိုက် ပါတယ်။ အဲဒီတော့ ဖားက "ကျနော်ပြောဖို့ တခု မေ့သွားတယ်။ ခင်ဗျား ဆုတခု တောင်းတိုင်းမှာ ခင်ဗျား ခင်ပွန်းသည်က ခင်ဗျားထက် ဆယ်ဆ ပိုရလိမ့်မယ်" လို့ သတိပေးလိုက်ပါတယ်။


အမျိုးသမီးက ခေတ္တစဉ်းစား လိုက်ပါတယ်။ "ကျမက အချောဆုံး ဖြစ်သလို သူကလည်း ကမ္ဘာပေါ်မှာ အချောဆုံး ယောက်ျား ဖြစ်လာမှာ ဆိုတော့ သူ့အနေနဲ့ ကျမကိုပဲ ရွေးရမှာ။ ကိစ္စမရှိပါဘူး။ ကျမ တောင်းတဲ့ ဆုသာ ပြည့်ပါရစေ" လို့ ဆိုလိုက်တော့ ဖားက "ပြည့်စေ" လို့ ပေးလိုက်ပါတယ်။

ဒုတိယဆု တောင်းပါလို့ ဆိုတော့ အမျိုးသမီးက "ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမျိုးသမီး ဖြစ်ပါရစေ" လို့ ဆုတောင်းပါတယ်။ ဒီတခါလည်း ဖားက "ခင်ဗျား ချမ်းသာသလို ခင်ဗျား ခင်ပွန်းကလည်း ချမ်းသာသွားမှာနော်" လို့ သတိပေးပြန်ပါတယ်။ ဒီတော့ အမျိုးသမီးက "ကိစ္စမရှိပါဘူး။ သူချမ်းသာလည်း သူက ကျမ ခင်ပွန်းပဲ ဥစ္စာ" လို့ ဖြေလိုက်တဲ့အတွက် ဖားက ဒုတိယဆုကိုလည်း "ပြည့်စေ" လို့ ပေးလိုက်ပြန်ပါတယ်။

တတိယဆုကို တောင်းဖို့တော့ အမျိုးသမီးက တော်တော်လေး စဉ်းစားပါတယ်။ ပြီးတော့မှ တောင်းဆုတိုင်းကို ပြည့်စေတဲ့ ဖားထံမှာ တောင်းခံလိုက်တဲ့ ဆုက "ကျမမှာ နှလုံးရောဂါ နည်းနည်းကလေး ဖြစ်ပါစေ" တဲ့။ ဒီတော့ ဖားကလည်း "ပြည့်စေ" လို့ ဆိုပေးလိုက်ပါသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။

အကယ်၍ သင်ဟာ အမျိုသမီး ဖြစ်မယ်ဆိုရင် ပုံပြင်က ဒီနေရာမှာ ဆုံးသွားပါပြီနော်။ အကယ်၍ သင်ဟာ အမျိုးသား ဖြစ်မယ်ဆိုရင်တော့

သတိ။
အမျိုးသမီး မဖတ်ရ။ အမျိုးသားများသာ ဆက်ဖတ်ရန်
အမျိုးသမီးတွေက
သူတို့ကိုယ် သူတို့ သိပ်အထင်ကြီးကြတယ်ဗျ။ ဆုတောင်းတိုင်း ပြည့်စေတဲ့ ဖားထံမှာ သူ နှလုံး ရောဂါ ရပါရစေလို့ ဆုတောင်းလိုက်တာ အကြောင်းမဲ့မဟုတ်ဘူး။ သူ့မှာ နှလုံးရောဂါ ရရင် သူ့ထက်ဆယ်ပိုပြီး သူ့ခင်ပွန်းသည်က ရမှာ ဆိုတော့ ဒီငနာ မြန်မြန်သေအောင် ဆုတောင်းလိုက်တာပဲ။ ဒါပေမဲ့ သူ့ တောင်းဆုက နှလုံးရောဂါ နည်းနည်းကလေး ဖြစ်ပါရစေ ဖြစ်တဲ့အတွက် သူ့ခင်ပွန်းက သူ့ထက် ဆယ်ဆပိုနည်းပြီး နှလုံးရောဂါ ဖြစ်မယ်ဆိုတာ ဒီအမျိုးသမီး မသိလိုက်ဘူးလေ။

အကယ်၍ သင်ဟာ အမျိုးသမီး ဖြစ်ပါလျက် ဒီစာကို ဆက်ဖတ်နေတယ်ဆိုရင်တော့ ပြောပါရစေ။ အမျိုးသမီးတွေ ဟာ ဘယ်တော့မှ သူများပြောစကားကို မယုံတတ်ဘူး။ အလွယ်တကူ လက်မခံတတ်ဘူး ဆိုတာ လက်တွေ့ပဲ မဟုတ်လား။ မဖတ်ပါနဲ့ ဆိုတာကို ဆက်ဖတ်နေလို့ပါနော်..........

မောင်ကမ္ဘာ

3 comments:

မဆုမွန် said...

ဦးရေးဂျီးကလဲ ဂျာ မဟုတ်ပါဘူး ဂျာ သူ့ မိန်းမက သူ့ ယောက်ကျားကို နှလုံးရောဂါ မဖြစ်ပါစေနဲ့ လို့ ဆုတောင်းတာ နေပါမှာ ဂျ သူအရင်ဆုတွေကို အကုန်လုံး ပေးတာပဲကို ဟွန်း

NangNyi said...

အေးလေ.. သူများတွေကိုများ မယုံတတ်ဘူးလေး ဘာလေးနဲ့.. သိပ်ခက်တာပဲကိုး

:P said...

အမျိုးသမီးပါဗျာ...အဲလေ..ရှင်