Tuesday, February 17, 2009

လွမ်းမိတဲ့ ထိုင်းအစားအသောက်

ခုတလော အစားအသောက်လေးတွေကို ချည်းလွမ်းနေတာ မနေနိုင် မထိုင်နိုင်ဘဲ အစားမက်သူပီပီ ထိုင်းမှာစားခဲ့ဖူးတဲ့ အစားအသောက်လေးတွေကို တင်ပေးလိုက်ပါတယ်။

ထိုင်းရဲ့နာမည်ကျော်...
ပုဇွန်နဲ့ ပင်လယ်ထွက်ပစ္စည်း ရောချက်ထားတဲ့Tomyam ချဉ်စပ် တခွက်

ဒါလေးတွေကတော့ Tomyam ချက်တဲ့အခါ ထည့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပေါ့

ကြက်သွန်ကြော်၊ စပါးလင်အကျွတ်ကြော်၊ ခပေါင်းရွက်အကျွတ်ကြော်တွေနဲ့ အုပ်ထားတဲ့ ငါးကြော်

ဒါကတော့ ခနွမ်ကျင်လို့ခေါ်တဲ့ မုန့်ဟင်းခါးချဉ်(ထိုင်းရိုးရာမုန့်ဟင်းခါး)

ထိုင်းမုန့်ဟင်းခါးထဲမှာမှ (ငါး၊ ဝက်၊ ကြက်၊ အမဲသား) ကိုယ့်စိတ်ကြိုက်ရွေးနိုင်ပါတယ်။ ပင်စိမ်းရွက်၊ ဂေါ်ဖီရွက်၊ ပဲပင်ပေါက်၊ မုန်ညင်းချဉ်၊ ငရုတ်သီးအခြောက်ကြော်နဲ့ တွဲစားနိုင်ပါတယ်။

ငါး-ငါးပိရယ်၊ ကဏန်းငါးပိပါထည့်ထောင်းထားတဲ့ သင်္ဘောသီးထောင်း စပ်စပ်လေး


ပုဇွန်ဆိတ် အရှင်လေးတွေကို စပါးလင်၊ ကြက်သွန်းစိမ်း၊ ငါးရုတ်သီးစိမ်း၊ အကျက်မှုန့်၊ နံနံပင်၊ သံပုရာရည်လေးနဲ့ သုတ်ထားတဲ့ ပုဇွန်ဆိတ်ဆွေ့ဆွေ့ခုန်အသုတ်(ပန်းကန်ကို လှုပ်ပြီး ရောသမမွှေပေးရပါတယ်)

ပင်လယ်စာတွေနဲ့ ဝက်သားရောသုတ်ထားတဲ့ ယမ်မိုစင်းခေါ် ထိုင်းကြာဇံသုတ်

အဲဒါတွေစားပြီးရင် အချိုတည်းစရာ သရက်သီးနဲ့ အုန်းနို့၊ ကောင်းညှင်း


ပြီးတော့...... ဝါဝီးကော်ဖီဆိုင်က လာတေးကော်ဖီတခွက်ရယ်......



ဒါလေးတွေကို လွမ်းမိပါတယ်။

မောင်ကမ္ဘာ

1 comment:

မဆုမွန် said...

စားချင်စရာလေးတွေပါကွယ်...